ပလောက်မြို့တွင်ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအကြောင်းအသိပညာပေး နံရံကပ်စာစောင်ပြသ

ပလောက်   ဒီဇင်ဘာ    ၁၄

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ပလောက်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက် နံရံကပ်ပြဘုတ်နှင့်ရုံးတွင်းတွင် ကလေးအလုပ်သမား လျော့နည်းပ‌ပျောက်ရေး အကြောင်း သိကောင်းစရာ နံရံကပ် စာစောင် ပြသဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကလေးအလုပ်သမား လျော့နည်းပ‌ပျောက်ရေးအကြောင်း သိကောင်းစရာများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ကဗျာ များ၊ ကာတွန်းများ၊ ဆောင်းပါးများ၊ ကိုဗစ်-၁၉ အသိပညာပေးအကြောင်းအရာများနှင့် ကျန်းမာ ရေးကဏ္ဍ များပါဝင်ကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)