ပန်းတောင်း ဒီဇင်ဘာ ၁၄
ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအနေဖြင့် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်ရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင် တတ်သည့် အတွေးအခေါ်များရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစားနည်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက ကလေးသူငယ်များ အနေဖြင့် စာဖတ်ခြင်းဖြင့် အသိပညာဗဟုတ တိုးပွားလာစေရန်၊ စာကြည့်တိုက်ကို လာရောက်အသုံးပြုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ယခုကဲ့သို့ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့် အညီ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစားနည်းများ
ပြုလုပ်ပေးပြီး အမှတ်တရ လက်ဆောင်များ ပေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)