ဝါးခယ်မ ဒီဇင်ဘာ ၁၄
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ “လူမှု့ဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် (၉)နာရီက ပေါက်တိန်းကျေးရွာအုပ်စု နှင့်သီလှချောင်းကျေးရွာအုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အဖွဲ့များခွဲကာ ပေါက်တိန်းကျေးရွာအုပ်စုနှင့် သီလှချောင်းကျေးရွာ အုပ်စုရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက်(၁၀)နှစ်ပြည့် (၅၂)ဦး၊ အသက်(၁၈)နှစ်ပြည့် (၇၈)ဦး၊ လဲလှယ် (၅၁)ဦး၊ မိတ္တူ(၉)ဦး စုစုပေါင်း
(၁၉၀)ဦး ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်းသိရသည်။
စောသန္တာဦး