ဇလွန် ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များတွင် ဖြစ်ပွားတက်သော ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မေရီလန်းကျေးရွာအုပ်စု အိုးဘိုစုကျေးရွာတွင် ဖွင့်လှစ်ခဲ့ သည်။
ဇလွန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် မေရီလန်းကျေးရွာအုပ်စုအတွင်းရှိ မွေးမြူတောင်သူများအား တိရစ္ဆာန်များတွင်ဖြစ်ပွား တက်သော ကူးစက်ရောဂါများအကြောင်း သိရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာများ ပိုမိုသိရှိလာနိုင်စေရန် ရည်ရွယ်၍ တိရစ္ဆာန်များတွင် ဖြစ်ပွားတက်သော ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး သင်တန်းဖွင့်လှစ်ရခြင်းကြောင်း မြို့နယ်မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလေးမွန်ကြည်၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ သင်တန်းသို့ မေရီလန်းကျေးရွာအုပ်စုအတွင်းရှိ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ နှစ်ရက်ဖြစ်ကြောင်းသိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)