ရှမ်းရွာသစ်မြို့ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်

ရှမ်းရွာသစ်   ဒီဇင်ဘာ   ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ အလွယ်တကူ ဖတ်ရှု လေ့လာနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်အသစ် လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရုံးရှေ့မြေစိုက်နံရံကပ်ပြ ဘုတ်၌ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသ ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါအသိပညာပေးနံရံကပ်စာစောင်များတွင် ကလေးအလုပ်သမားဟူသည်အဘယ်နည်း၊ ကလေးအလုပ်သမားနှင့် ပတ်သက်၍  အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ၊ ကလေးအလုပ်သမား ဥပဒေများ၊ ကလေးအလုပ်သမားများ၏ ဘေးအန္တရာယ်ကျရောက်နိုင်သော အခြေအနေများ၊ ကလေးအလုပ်သမား လျော့နည်းပပျောက်အောင်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ကလေး အလုပ်သမားဆိုင်ရာ အခွင့်အရေးများ၊ ကလေးအလုပ်မားဆိုင်ရာဆောင်ပုဒ်များနှင့် ကလေးအလုပ် သမားဆိုင်ရာသိကောင်းစရာများကို အကျယ်တဝင့် သိရှိစေရန်အတွက် ရုံးရှေ့မြေစိုက် နံရံကပ် စာစောင်တွင် ပြသဆောင်ရွက်ထားကြောင်း သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)