တနင်္သာရီမြို့၌မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အောင်မင်္ဂလာဈေး(၁)နှင့်အောင်မင်္ဂလာဈေး(၂)တို့အား(ဒုတိယ)အကြိမ်စစ်ဆေး

တနင်္သာရီ ဒီဇင်ဘာ ၁၄

 တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြိုံနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကင်းဝေးစေ ရေးအတွက် ယမန်နေ့ ညနေ ၃နာရီအချိန်က ချောင်းငယ်ရပ်ကွက် ဈေးလမ်းရှိ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အောင်မင်္ဂလာဈေး(၁)နှင့်အောင်မင်္ဂလာဈေး(၂)တို့ အတွင်း/ အပြင်နေရာများအား (ဒုတိယ)အကြိမ်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ မီးဘေးအန္တရာယ်ကင်းဝေးစေရေး စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးအေးနိုင်နှင့်ကော်မတီဝင်များက  မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်စိုးအောင်နှင့် ချောင်းငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ကိုတို့နှင့်အတူ အောင်မင်္ဂလာဈေး(၁)နှင့်အောင်မင်္ဂလာဈေး(၂)အတွင်း တပ်ဆင် ထားရှိသည့် လျှပ်စစ် မီးကြိုးများ၏ခံနိုင်ရည်ရှိမှု၊ မီးဘေးအန္တရာယ်ရုတ်တရက် ကျရောက် ပါကအရေးပေါ်အသုံးပြုနိုင်မည့် မီးချိတ်/မီးကပ်များ၊ သဲပုံးရေပုံးများလုံလောက်မှုရှိ/မရှိ၊ မီးသတ်ရေကန်အတွင်းအရေးပေါ် အသုံးပြုနိုင်မည့် ရေအဆင်သင့်ဖြည့်သွင်းထားခြင်းရှိ/ မရှိ နှင့်အရေးပေါ်မီးသတ်ဦးစီးဌာနများသို့ ဆက်သွယ်နိုင်မည့်ဖုန်းနံပါတ်(191)များကို မြင်သာ ထင်ရှားစွာကပ်ထားကြေညာပေးခြင်း ရှိ/မရှိတို့အား(ဒုတိယ)အကြိမ်စစ်ဆေးပြီး လိုအပ်သည်များအားလမ်းညွှန်မှာကြားခဲ့ကြောင်း၊ (ပထမ) အကြိမ်အဖြစ် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်က ယခုကဲ့သို့စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း