တနင်္သာရီမြို့နယ်အတွင်း ဒီဇင်ဘာလ(၁၃)ရက်နေ့အထိ အခြေခံပညာကျောင်း(၁၀၁)ကျောင်းဖွင့်လှစ်သင်ကြားလျက်ရှိ

တနင်္သာရီ ဒီဇင်ဘာလ ၁၄

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီ မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းများအား ၂၀၂၁-ခုနှစ်၊နိုဝင်ဘာလ(၁)ရက်နေ့မှစ၍ ကျန်းမာရေးဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းအခြေခံပညာ ကျောင်း ပေါင်း(၁၄၁)ကျောင်းရှိသည့်အနက် ဒီဇင်ဘာလ၁၃ရက်နေ့တွင် မူလွန်-သာရဘွင်အရှေ့ ကျောင်း အား ထပ်မံဖွင့်လှစ်နိုင်သဖြင့် ယနေ့အထိ ကျောင်းပေါင်း(၁၀၁)ကျောင်းအထိ တိုးချဲ့ဖွင့် လှစ်နိုင်ခဲ့ ပြီး ကျန်(၄၀)ကျောင်းမှာ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တနင်္သာရီမြို့နယ်အတွင်း ယနေ့အထိဖွင့်လှစ်နိုင်သည့် အခြေခံပညာကျောင်းများအခြေ အနေမှာ အထက်တန်းကျောင်း (၁၄)ကျောင်းစာရင်းရှိသည့်အနက် (၁၃)ကျောင်း၊ အလယ်တန်း (၂၂)ရှိသည့်အနက် (၁၇)ကျောင်း၊  မူလတန်း(လွန်)(၁၆)ကျောင်းရှိသည့်အနက် (၁၃)ကျောင်း၊ မူလ တန်း(၈၈)ကျောင်းအနက် (၅၇)ကျောင်း၊ ဘ/ကကျောင်း (၁)ကျောင်း စသည်ဖြင့် စုစုပေါင်း (၁၄၁) ကျောင်းရှိသည့်အနက် (၁၀၁)ကျောင်းအား ဖွင့်လှစ်သင်ကြားနေပြီဖြစ်သည်။

ဤမြို့နယ်အတွင်း မဖွင့်လှစ်နိုင်သောကျောင်း(၄၀)ကျောင်းမှာ နယ်မြေလုံခြုံရေး အခြေအနေအရ အထက်တန်း(၁)ကျောင်း၊ အလယ်တန်း(၄)ကျောင်း၊ မူလတန်း(၁၈)ကျောင်းပေါင်း(၂၃)ကျောင်း၊ ဆရာ/မများ CDM ပြုလုပ်ထားသဖြင့် အလယ်တန်း(၁)ကျောင်းနှင့်မူလတန်း(၁၄) ကျောင်းပေါင်း (၁၅)ကျောင်းနှင့် ကျောင်းသူ/သားမရှိသဖြင့် ကျောင်းရုပ်သိမ်းခွင့်တင်ထားသည့် မူလတန်း(၁) ကျောင်း၊ သင်ကြားရေးဆရာ.မရှိသဖြင့် ပိတ်ထားရသည့် မူလတန်း(၁)ကျောင်း အားလုံး စုစုပေါင်း (၄၀)ကျောင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ နေ့စဉ်မှတ်တမ်းမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း