တန့်ယန်း သြဂုတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အကယ်ဒမီ ကိုယ်ပိုင် အထက်တန်း ဆင့်ကျောင်းမှ အဋ္ဌမတန်း လူရည်ချွန်၊ နဝမတန်း လူရည်ချွန်နှင့် ဒသမတန်း လူရည်ချွန်(နှစ်ထပ်ကွမ်း) မောင်/မယ် သုံးဦးအား ကြိုဆို ဂုဏ်ပြုပွဲကို သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်က မြို့ဝင်မုခ်ဦးမှ ကျောင်းအထိ ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။
အဆိုပါ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အဌမတန်း လူရည်ချွန် စိုင်းခေးလူ ၊ အကယ်ဒမီ (ကိုယ်ပိုင်) အထက်တန်းဆင့်ကျောင်းမှ နဝမတန်း လူရည်ချွန် စိုင်းလောဝ်ဆိုင်နှင့် ဒသမတန်း လူရည်ချွန် (နှစ်ထပ်ကွမ်း) နန်းဖွေးဆိုင်တို့အား မိဘ/ဆွေမျိုး မောင်နှမများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက မြို့ဝင်မုခ်ဦးမှ ကျောင်းအထိ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)