ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းဆောင်ရွက်

ဝေါလေမြိုင် ဒီဇင်ဘာ ၁၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမှ  ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဝေါလေမြိုင်မြို့ရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ဝေါလေမြိုင်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဝေါလေမြိုင်မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီမှ ဦးဆောင်ပြီး တပ်မတော် ဆေးတပ်ဖွဲ့တို့ ပူးပေါင်း၍ နိုင်ငံတော်မှ ချမှတ်ထားသည့် လုပ်ငန်းစဉ် သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ပဉ္စမအသုတ် ဒုတိယအကြိမ်အဖြစ် ဒေသခံပြည်သူ ၄၅ ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။

နိုင်မျိုးသင်း