သနပ်ပင် ဒီဇင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင် ကာကွယ်ရေးအတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရန်နှင့် အသိပညာပေးခြင်းကို ယနေ့မွန်းလွှဲ ၂နာရီ အချိန်က လူစည်းကားရာ နေရာများဖြစ်သော မြို့အဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံ လမ်းခွများ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာ ပေးနှိုးဆော်ခဲ့ကြသည်။
ထို့သို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ် ၁၉ ရောဂါ မျိုးကွဲသစ် ဗီဇပြောင်း အိုမီခရွန် ကူးစက်မြန် ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော လမ်းညွှန်ချက် များအားလိုက်နာရန်၊ ပြည်သူများမှလည်း ခိုင်လုံသော အကြောင်းအရာ တစ်စုံတစ်ရာမရှိပဲ အိမ်ပြင်ပ သို့မထွက်ရန်၊ အိမ်ပြင်ပသို့ ထွက်ပါက နှာခေါင်းစည်း(Mask) ကိုစနစ်တကျတပ်ဆင်ရန်၊ မဖြစ်မနေ အိမ်ပြင်သို့ထွက်ရန် အကြောင်းရှိသူ အချို့မှအပ မိမိ၏အိမ်တွင်နေထိုင်ရန်၊ တစ်အိမ်နှင့်တစ်အိမ် သွားရောက်ပြီး စုဖွဲ့၍ စကားပြောခြင်းများ ရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး((၆)ပေကွာ၍ နေထိုင်ရန်၊ စသည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
လှမိုး