၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်​ဖြေဆိုမည့်ကျောင်း သား / သူများ​ဖြေဆိုခွင့်​လျှောက်လွှာများတင်သွင်းလျက်ရှိ

ချောက်    ဒီဇင်ဘာ   ၁၃

မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးခရိုင်၊​ ချောက်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်ခွင့်စာ​မေးပွဲ​ဖြေဆိုခွင့်​လျှောက်လွှာများကို ယ​နေ့နံနက်ပိုင်း က မြို့နယ်ပညာ​ရေးမှူးရုံးနှင့်သက်ဆိုင်ရာအ​ခြေခံပညာ​ကျောင်းများ တွင်​ လျှောက်ထားလျက်ရှိ​ကြောင်းသိရသည်။

အဆိုပါ ၂၀၂၂ခုနှစ် ၊တက္ကသိုလ်ဝင်ခွင့်စာ​မေးပွဲ​ဖြေဆိုခွင့်​လျှောက်လွှာများ​ကို နိုဝင်ဘာလ (၁၅)ရက်နေ့ ​နောက်ပိုင်းမှစ၍ လျှောက်ထားလျက်ရှိရာ မြန်မာနိုင်ငံစာစစ်ဌာနသို့ ဒီဇင်ဘာ(၃၀)ရက်​နေ့နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်​သည်။

ချောက်မြို့နယ်တွင်အ​ခြေခံပညာ​ကျောင်း​ပေါင်း(၂၀၁)​ကျောင်းရှိပြီး အ​ခြေခံပညာအထက်တန်းကျောင်း (၁၄)ကျောင်း၊ အထက်တန်း​ကျောင်းခွဲ (၃၈)​ကျောင်းရှိ​ရာ တက္ကသိုလ်ဝင်စာ​မေးပွဲ​ဖြေဆိုမည့်သူများ အနေဖြင့် ဖြေဆိုခွင့်​လျှောက်လွှာများကို မိမိတို့နှင့်သက်ဆိုင်ရာ​ ကျောင်းအုပ်ဆရာကြီးများမှ​တစ်ဆင့် ဖြေဆိုခွင့် လျှောက် လွှာများစီစစ်၍​လျှောက်ထားခြင်း၊ပြင်ပ​ဖြေဆိုသူများအ​နေဖြင့်သက်ဆိုင်ရာမြို့နယ်ပညာ​ရေးမှူးရုံးတွင်​ဖြေဆို ခွင့်​လျှောက်လွှာများ​ကို သတ်မှတ်ရက်အတွင်း  လျှောက်ထားခြင်း များဆောင်ရွက်နိုင်​ကြောင်း မြို့နယ်ပညာ​ရေး မှူးရုံးမှသိရှိသည်။

ကျော်မိုး(ပြန်/ဆက်)