ကျောက်တံခါးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကျောက်တံခါး ဒီဇင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး  အသိပညာပေး လုပ်ငန်းများကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်အတွက် အခြေခံပညာကျောင်းများတွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်း (ဌာနချုပ်) ၏ ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများကို လိုက်လံကပ်ထားခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးဆန်းလွင် ဦးဆောင်သော ကြက်ခြေနီ တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးပိုစတာတွင် စနစ်တကျ လက်ဆေးပါ၊ အပြင်ထွက်သည့် အခါတိုင်း ပါးစပ် နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်ပါ၊ လူထူထပ် သည့် နေရာများကို သွားလာခြင်းမှ တတ်နိုင်သမျှ ရှောင်ကျဉ်ပါ၊ တတ်နိုင်သမျှ အာဟာရ ပြည့်ဝစွာ စားသုံးပါ၊ အတတ်နိုင်ဆုံး အိမ်မှာနေပြီး မိမိကစကာကွယ်ပါ၊ နေ့စဉ်ဘဝမှာ ခပ်ခွာခွာ နေပါ၊ အခြားသူများနှင့် အနည်းဆုံး ခြောက်ပေအကွာမှသာ ပြောဆိုဆက်ဆံပါ စသည်တို့ပါရှိ ကြောင်း သိရသည်။

စန်းစန်း