ငပုတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော ကျောင်းသား/သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ငပုတော     နိုဝင်ဘာ   ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဆေးထိုးရန် ကျန်ရှိနေသူများအား ယနေ့ နံနက်  ၁၁  နာရီအချိန်တွင် ဆေးထိုးစုရပ်ဖြစ်သော ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာ အခြေခံပညာအထက်တန်းကျောင်းမှ တာ၀န်ခံ ကျောင်းအုပ် ဆရာမကြီးနှင့် တာဝန်ရှိသူတို့က ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောင်းသား/ ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများကို ကူညီဆောင်ရွက်ပေးကြရာ ဆေးထိုးပြီးပါကလည်း မိနစ်(၃၀)ခန့် စောင့်ကြပ်ကြည့်ရှု ပေးခဲ့ကြသည်။ ဆေးထိုးစုရပ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းမှ ဆေးထိုးရန် ကျန်ရှိနေသည့် ကျောင်းသား/ကျောင်းသူ  (၁၅၉)ဦးအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရပါသည်။   

မြို့နယ် (ပြန်/ဆက်)