ပန်းတနော်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ပန်းတနော် ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင်  ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှု့ဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် နာရီက အရှေ့ပိုင်းရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဒေါ်ဆင့်ဆင့်နိုင်နှင့် ဝန်ထမ်းများသည် အရှေ့ပိုင်းရပ်ကွက်ရှိ  အသက်(၁၆)နှစ်နှင့်အထက် (၁၉)ဦး၊ အသက်(၁၈)နှစ်နှင့်အထက် (၆၁)ဦးI ပျောက်/ပျက် မိတ္တူ(၃၂)ဦး စုစုပေါင်း(၁၁၂)ဦးတို့အား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ ဆက်)