ဝိုင်းမော် ဩဂုတ် ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှ နိုင်ငံခြားထုတ် အရက်မျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံချက် ရှင်းလင်း ဆွေးနွေးပွဲကို ဩဂုတ်(၂၁)ရက်နေ့ နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန၊ ဆမားခန်းမ၌ ကျင်းပ ခဲ့သည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးကျော်မင်းအောင် က ပြည်တွင်း သို့ နည်းလမ်းအမျိုးအမျိုးဖြင့်ရောက်ရှိနေသာ နိုင်ငံခြားအရက် အမျိုးမျိုး တရားမဝင်တင်သွင်း ရောင်းချခြင်းတို့အပေါ် မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များမှကြေညာလွှာ တင်သွင်းခြင်း၊ အခွန်ပေးဆောင် ခြင်းတို့ကိုသိရှိ လိုက်နာဆောင်ရွက် စေရေး အတွက် အသိပေးဆွေး နွေးခြင်း၊ တရားမဝင်ရောက်ရှိနေသော နိုင်ငံခြားဖြစ်အရက်အမျိုးမျိုးတို့ကို ကျသင့်သော အခွန်များ ပေးဆောင်စေပြီး A1အမှတ်အသား (ခြင်္သေ့) အခွန်အမှတ်တံဆိပ်များကပ်နှိပ်ရန် ကြေညာလွှာပုံစံများ ကို အခွန်ထမ်း ပြည်သူများထံသို့ ဖြန့်ဝေ ပေးခြင်း၊ အဆိုပါလုပ်ငန်းစီမံချက်အား One Stop Service (OSS) စနစ်ဖြင့် စက်တင်ဘာ(၁) ရက်နေ့မှ (၃၀)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ထိုက်က စီမံချက်ကာလအတွင်း ထပ်မံရောက်ရှိ လာနိုင်သည့် တရားမဝင်အရက်အမျိုးမျိုးကို ကာကွယ်တားဆီးရန်ကြေညာလွှာ တင်သွင်းရက်ကို ဩဂုတ်လ(၂၈)ရက်နေ့ နောက်ဆုံး ထား၍ တင်သွင်း ရမည်ဖြစ်ပြီး၊ ဩဂုတ်လ(၂၈) ရက်နောက်ပိုင်း တင်သွင်းလာသည့် ကြေညာလွှာများကို လက်ခံ ဆောင်ရွက် ပေးသွားမည် မဟုတ်ကြောင်းနှင့် စီမံချက်ကာလအတွင်း တရားမဝင်အရက်များ ရောင်းချနေ ကြောင်းတွေ့ရှိ ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ပြီး အောက်တိုဘာ (၁)ရက် နေ့မှစ၍တရားမဝင် အခွန် အမှတ် တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသော နိုင်ငံခြားအရက် အမျိုးမျိုးကို လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် လက်လီလက်ကား ရောင်းချခြင်းများအပေါ် အထူးကုန်စည်ခွန် ဉပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားပြီး တက်ရောက် လာသည့် လုပ်ငန်းရှင်အခွန်ထမ်းများက သိရှိလိုသည့်များ မေးမြန်းချက်များကို မြို့နယ်အခွန်ဦးစီး ဌာနမှူး ဦးကျော်မင်းအောင်နှင့်တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြား ခဲကြောင်း သိရသည်။
ခိုင်သက်မွန် (ပြန်/ဆက်)