နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများဆောင်ရွက်

နတ်မောက် ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နတ်မောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ၉ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်အတွင်းသို့ Hand Speaker ဖြင့် လှည့်လည်နှိုးဆော် ခဲ့ကြသည်။

ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှု မခံရစေရေး၊   ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား တိတိကျကျ ပြည်သူများ လိုက်နာကြရန်နှင့် ဧည့်သည်များ လက်ခံခြင်းမပြုကြရန်၊ နေအိမ်ပြင်ပသို့ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းကို ပြည်သူများအထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အိုမီခရွန် (Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ ကာကွယ်ရေး နည်းလမ်းများကို ပြည်သူများအားလုံး  ဆက်လက်လိုက်နာ ဆောင်ရွက်ကြရန်တို့ကို မြို့ပေါ် ရပ်ကွက်အတွင်းနှင့် လူစည်ကားရာ နေရာများတွင်          လိုက်လံနှိုးဆော် ပေးခဲ့ကြောင်း သိရသည်။

လှဝင်း(နတ်မောက်)