တနင်္သာရီမြို့နယ်အတွင်းရှိဆေးရုံများတွင် ကိုဗစ်ရောဂါပိုး ရှိ/မရှိ (၂၅)ဦးအား ဓာတ်ခွဲစစ်ဆေးရာ လူနာသစ်မတွေ့ရှိဘဲ ကုသဆဲလူနာ(၁)ဦးသာကျန်ရှိ

တနင်္သာရီ  ဒီဇင်ဘာလ ၁၃

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းပပျောက်ရေးဆိုင်ရာ ထိန်းချုပ်ရေးနှင့် ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကုတင်(၅၀)ဆံ့ တနင်္သာရီ မြို့နယ်ပြည်သူ့ဆေးရုံရှိ ဓာတ်ခွဲခန်းတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပြင်ပမှလူနာ(၇)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့်စစ်ဆေးပေးရာ လူနာသစ်ထပ်မံ(မတွေ့)ရှိရဘဲ လက်ရှိတွင်ကုသမှုခံယူနေသည့် ကိုဗစ်လူနာလည်းတစ်ဦးမျှ(မရှိ) ကင်းစင်လျက်ရှိကြောင်း သိရှိရသည်။

အလားတူ (၁၆)ကုတင်ဆံ့၊ မောတောင်ဆေးရုံ တာဝန်ခံဆရာဝန်ဒေါက်တာ သီဟအောင်၏ ကြီးကြပ်လမ်းညွှန်မှုအရပြင်ပမှလူနာ(၇)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test-Kit ဖြင့် စစ်ဆေးပေးရာ ကိုဗစ်-၁၉ ရောဂါပိုး လူနာသစ်မတွေ့ရဘဲ ကိုဗစ်-၁၉ လူနာကင်းစင်နေကြောင်း သိရှိရသည်။

အလားတူ တကူ(စံပြ)တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် ပြင်ပမှလူနာ(၁၁)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့် စစ်ဆေးပေးရာ ရောဂါပိုးအတည်ပြုလူနာသစ်(မတွေ့)ရှိကြောင်း၊ သို့ပါ၍ ယနေ့တွင် ပြင်ပမှ လူနာပေါင်း(၂၅)ဦးအား စမ်းသပ်စစ်ဆေးရာ ပိုးတွေ့လူနာသစ်ထပ်မံ(မတွေ့)ရှိဘဲ တကူတိုက်နယ် ဆေးရုံရှိ ဇီဝိတဒါနသံဃဆေးရုံ Positive Centre တွင် ကုသဆဲ ကိုဗစ်-၁၉ လူနာအမျိုးသား (တစ်)ဦးသာ ဆေးဝါးကုသမှုခံယူလျက်ရှိနေကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ နေ့စဉ်မှတ်တမ်းအရ သိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)