ဒေးဒရဲမြို့ Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အပန်းပြေ ပျော်ရွှင်စေရေး ဂိမ်း​​​ပြိုင်ပွဲများကျင်းပ

ဒေးဒရဲ  ဒီဇင်ဘာ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာတိုးပွားလာစေရန်  ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် စုပေါင်းအားကစားပြိုင်ပွဲများအား အပတ်စဉ်ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က စတင်၍  ဂိမ်းပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမြမွန်က ပြိုင်ပွဲပြုလုပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့ပြီး ဂိမ်းပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့ရာ အခြေခံမူလတန်းကျောင်းက ကျောင်းသား၊ ကျောင်းသူလေးများက အိမ်ဆောက်ပြိုင်ပွဲ၊ ဘောလုံးသယ်ပြိုင်ပွဲများတွင် ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများနှင့် တက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူ များက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

အေဇာလင်း(ပြန်/ဆက်)