ပွင့်ဖြူ ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မုန်းမြင့်ကျေးရွာအုပ်စု၊ သမော်အင်းကျေးရွာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ခြောက်လဘတ်ဂျတ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်း မြေသားလမ်းအား မြေနီကျောက်စရစ် လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများအဖွဲ့က ပွင့်ဖြူမြို့နယ် သမော်အင်းကျေးရွာနေ ပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ခြောက်လဘတ်ဂျတ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း(၁၀၀)၊ ကျေရွာပြည်သူလူထု ထည့်ဝင်ငွေကျပ် သုည ဒသမ ၃၀၉ သန်း ဖြင့် ကျေရွာတွင်း မြေသားလမ်းအရှည်ပေ ၅၀၀၀ အား လမ်းအကျယ် ၁၂ ပေ၊ ထု ၆ လက်မ မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင် ဖောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးရာ ကျေးရွာစီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့က ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာနေ ပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကျေးရွာတွင်း မြေသားလမ်းအား အဆင့်မြှင့်တင် ဖောက်လုပ်ပေးခြင်းဖြစ်၍ ကျေးရွာနေ ပြည်သူများအနေဖြင့် မိမိရပ်ရွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းအရည်အသွေး ပြည့်မီအောင်နှင့် အချိန်မီ ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။
ပွင့်ဖြူမြို့နယ် သမော်အင်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း( VDP) ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ကျေးရွာစီမံကိန်း လုပ်ငန်းကြီးကြပ်မှု ကော်မတီက တာဝန်ယူ၍ ယခုလ ၆ ရက်နေ့က လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ကြောင်း သိရကာ လက်ရှိတွင် လုပ်ငန်းပြီးစီးမှု ၂၀ ရာခိုင်နှုန်းခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်း လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၄၇၆ အိမ်မှ လူဦးရေ ၁၉၅၃ ဦးအတွက် ရာသီမရွေး အဆင်ပြေစွာ အသုံးပြု သွားလာနိုင်မည့်အပြင် လယ်ယာမြေများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကိုလည်း လွင့်လင်တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)