ပုလော ဒီဇင်ဘာလ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက ပန်းခင်းစီမံချက်ဖြင့် ပလကျေးရွာ အုပ်စုရှိ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဦးရေစာရင်းများကို ကွင်းဆင်း၍ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ပုလော မြို့နယ် လဝက ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုဦးက ပန်းခင်းစီမံချက်ဆိုင်ရာအကြောင်း အသိပညာပေးဆွေးနွေး၍ လက်ကမ်း စာစောင်များကို အခမဲ့ ဖြန့်ဝေပြီး၊ နိုင်ငံသားစိစစ်ရေးကတ် အသက်(၁၀-နှစ်ပြည့် /၁၈-နှစ်ပြည့်) ပြုလုပ် ပေးခြင်း၊ အသက် (၁၈)နှစ်ပြည့်လဲလှယ်ပေးခြင်း၊ နိုင်ငံသားကတ် ပျောက်ဆုံး/ပျက်စီး၍ မိတ္တူ ထုတ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေ စာရင်းပြုလုပ်ပေးခြင်း တို့အား ဆောင်ရွက်ပေးရာ အသက် (၁၀)နှစ်ပြည့် နိုင် ၃(က) (၁၆) ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်၆(က) (၁၄) ဦး၊ နိုင်ငံသား စီစစ်ရေးကတ်လဲလှယ် (၂၇)ဦး၊ မိတ္တူ(၁၇) ဦး၊ စုစုပေါင်း စုစုပေါင်း(၇၄)ဦးနှင့် အိမ်ထောင်စု လူဦးရေ စာရင်း (၃)စုတို့အား မြို့နယ် လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)