ရေဦး၌ အပတ်စဉ်(၉) အခြေခံပါဠိပထမပြန်အစမ်း စာမေးပွဲကျင်းပ

ရေဦး ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် သာသနာရေးဦးစီးဌာနနှင့် မစိုးရိမ် ကျောင်းတိုက်ဆရာတော်တို့ အမှူးပြုလျက် ယမန်နေ့ နံနက် ၁၁ နာရီက အခြေခံမှစ၍ အပတ်စဉ်(၉) အခြေခံပါဠိပထမပြန် စာမေးပွဲအစမ်း ဖြေဆိုလေ့ကျင့်ခြင်းကို အဆိုပါ ကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အစမ်းစာမေးပွဲတွင် အဆိုပါကျောင်းတိုက်ရှိ အငယ်တန်း၊ အလတ်တန်း အကြီးတန်းအဆင့် ရဟန်းသံဃာအပါး ၂၅ ပါးကြွရောက် လေ့ကျင့်ဖြေဆိုခဲ့ကြသည်။

ပါဠိပထမပြန်အစမ်း စာမေးပွဲဖြေဆိုကြသည့် ရဟန်းသံဃာတော်များအား မြို့နယ် သာသနာရေး ဦးစီးဌာနနှင့် ဒေသခံအလှူရှင်များက ဆွမ်းနှင့်အချိုပွဲများ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)