အမာမြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေးနံရံကပ်စာစောင်များပြသ

အမာ    ဒီဇင်ဘာ   ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ပတ်သက်၍ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က စ၍ ခင်းကျင်း ပြသထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်များတွင် မသန်စွမ်းမှု၊ မသန်စွမ်းဖြစ်ရခြင်း အကြောင်းအရင်းများ၊ ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် ဆက်သွယ် မေးမြန်းချက်များ၊ မသန်စွမ်းသူများ၏ သွင်ပြင်လက္ခဏာများ၊ မသန်စွမ်းသူများအကြောင်း အသိပညာပေး မှတ်တမ်း ဓာတ်ပုံများ၊ မသန်စွမ်းသူများအကြောင်း အသိပညာပေးကာတွန်းများနှင့် ပန်းချီများကို အများပြည်သူ လေ့လာ သိရှိနိုင်ရေး  အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများမှ လာရောက်လေ့လာ ကြည့်ရှုကြကြောင်း သိရှိရသည်။

 

အမာ(ပြန်/ဆက်)