ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအားကိုဗစ်-၁၉ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ဒေးဒရဲ    ဒီဇင်ဘာ    ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ် အထက်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက  အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း ကရဝိက် ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံ​ပေးရာတွင် ကိုဗစ်‌-၁၉ ရောဂါကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး မြိုနယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များက ကိုဗစ် - ၁၉ ကြိုတင် ကာကွယ် ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ကာကွယ်ဆေးများထိုးနှံပေးနိုင်ရေး ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

ဒေးဒရဲမြို့နယ်တွင် အသက်(၄၅)နှစ်အထက် ကာကွယ်ဆေးထိုးနှံပြီးသူ(၅၅၀၂၄)ဦး၊ အသက်(၁၈)နှစ် အထက် ကာကွယ်ဆေးထိုးနှံပြီးသူ(၄၆၀၂)ဦးနှင့်အသက်(၁၂)နှစ်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ (၆၃၆၄)ဦး၊ စုစုပေါင်း ကာကွယ်ဆေး ထိုးနှံပြီးသူ (၆၅၉၉၀)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနကသိရသည်။

အေဇာလင်း