ရွှေဘို ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆင်းကွတ်ကျေးရွာရှိ တောင်သူဦးခင်မောင်မြင့်၏ ဝါသီးနှံ (BRAVO-700) အောင်မြင်ဖြစ်ထွန်းနေမှု ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ ကြောင်း ရွှေဘိုမြို့နယ်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဆင်းကွတ်ကျေးရွာရှိ တောင်သူဦးခင်မောင်မြင့်၏ ဝါသီးနှံ (BRAVO-700) (၂) ဧက စိုက်ခင်းရှိ စိုက်ရက်သား (၉၀) ရက်သက်တမ်း အပင်အောင်မြင်ဖြစ်ထွန်းနေမှု ကွင်းသရုပ်ပြပွဲကို ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဆွေ၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မာချို၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်မေကြွယ်ဝင်း၊ ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဇာဇာမင်းနှင့် ကွင်းဝန် ထမ်းများ၊ တောင်သူ (၂၁) ဦး တက်ရောက်ခဲ့ပြီး ရွှေဘိုမြို့နယ်အနေဖြင့် ၂၀၂၀-၂၁ ခုနှစ်၌ မိုးနှောင်း ချည်မျှင်ရှည်ဝါ ဝါသီးနှံ စုစုပေါင်း ဧက (၈၀) စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ကျွန်မတို့ တောင်သူများအနေဖြင့် ဝါသီးနှံကို နည်းစနစ်မှန်မှန်ကန်ကန်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာခြင်းဖြင့် တောင်သူတစ်ဦးချင်း ဝင်ငွေတိုးလာစေရန် လည်ကောင်း ၊ဝါသီးနှံကို ကျယ်ပြန့်စွာ စိုက်ပျိုးလာခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာစေရန် လည်ကောင်း၊ ဝါစိုက်ပျိုးခြင်းဖြင့် တစ်ဧက ကုန်ကျစရိတ် သက်သာပြီး အမြတ်များများ ရရှိစေခြင်း၊ ဒေသရေမြေ သဘာဝနှင့် ကိုက်ညီမှုရှိသည့် အတွက် စိုက်ပျိုးရန် သင့်တော်သည့် အခွင့်အလမ်းရရှိပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေခြင်း စတဲ့အကျိုးကျေးဇူးများ ရှိရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ ဝါဂွမ်းလို အပ်ချက်ကိုလည်း အထောက်အကူ ပြုနိုင်စေရန်အတွက်လည်ကောင်း ရည်ရွယ်၍ ကွင်းသရုပ်ပြပွဲ ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဇာဇာမင်း ကပြောကြားသည်။
ခရိုင် (ပြန်/ဆက်)