ဘောဂလိ ဒီဇင်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်လွဲပိုင်း အချိန်ကစ၍ ပြသခဲ့ကြောင်း သိရ သည်။
အဆိုပါ နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက် ခံယူပါ၊ ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍ ဆက်လက်ကာကွယ်ပါ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ် ပြည့် ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ရေး နည်းလမ်းများကို လိုက်နာခြင်းဖြင့်ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ အိုမီခရွန် (omicron) ၏ ထူးခြားသော အချက်များနှင့် ကိုဗစ်-၁၉ ရောဂါ ရပ်တန့်ဖို့ ရောဂါကာကွယ်ရေး နည်းလမ်းများကို အားလုံးဆက်လက်လိုက်နာလို့ ပူးပေါင်းဆောင်ရွက် ကြပါစို့ စသည့် ဆောင်ပုဒ်များ၊ ပြည်သူများ သိသင့်သိထိုက်သော အကြောင်းအရာအချက်အလက်များကို ခင်းကျင်းပြသ ထားရာ တိုင်းရင်းသားပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဘောဂလိ (ပြန်/ဆက်)