လှိုင်းဘွဲမြို့နယ် အောင်မြင်သာယာကျောင်းလမ်း ဖွင့်ပွဲအခမ်းအနားကျင်းပ

လှိုင်းဘွဲ ဒီဇင်ဘာလ ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်(က)ရပ်ကွက်တွင် အောင်မြင်သာယာပရိယတ္တိစာသင်တိုက် ဆရာတော် များ၊ စာချဆရာတော်များနှင့် ကျောင်းအကျိုးတော်ဆောင်များ ဦးဆောင်မှုနှင့် အများဒကာများ စုပေါင်းလှူဒါန်းမှုဖြင့် ဖောက်လုပ်ထားသော အောင်မြင်သာယာကျောင်းလမ်းကို ပြီးစီးပြီးဖြစ်၍ ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းပေါ်၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် လှိုင်းဘွဲမြို့ အောင်မြင်သာယာပရိယတ္တိစာသင်တိုက် ကျောင်းထိုင် ဆရာတော်က  မင်္ဂလာတရားတော်များ မိန့်ကြားခြင်း၊  ဆရာတော်/ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ရေစက်ချအမျှဝေခြင်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အောင်မြင်သာယာ ပရိယတ္တိစာသင်တိုက်နှင့် အောင်သဇင်ပန်းရပ်ကွက်တွင် ဆက်သွယ်ထားသော အရှည်(၆၇၇)ပေရှိ အောင်မြင်သာယာ ကျောင်းလမ်းကို အောင်မြင်သာယာပရိ ယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော်နှင့် ဆရာတော်/ သံဃာတော် များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်းနှင့် လမ်းမအား ရေမွှေးနံ့သာ ပက်ဖြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။

စောဒိ