မော်လိုက်မြို့နယ်၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေး

မော်လိုက်  ဒီဇင်ဘာ  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကျောင်းသား/သူများ ကိုဗစ်ရောဂါကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်စေရန်နှင့် ကျန်းမာပျော်ရွှင်စွာဖြင့် ပညာများသင်ကြားနိုင်စေရန် ယမန်နေ့နံနက်ပိုင်းက မော်လိုက်မြို့၊ အခြေခံပညာ အထက်တန်း ကျောင်း စုံညီခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

ထိုသို့ အသက် ၁၂ နှစ်နှင်အထက် ကျောင်းသား/သူများအား ကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံပေးရာတွင် ဆရာ/ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက စာရင်းမှတ်တမ်း ရေးသွင်းခြင်း၊ လိုအပ် သည့် ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်ပေးခဲ့ကြပြီး စိတ်ချရသူများအား သူနာပြုဆရာမများက ကိုဗစ်ကာကွယ်ဆေးများ စနစ် တကျ ထိုးနှံပေးခဲ့ကြသည်။

မော်လိုက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ် ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးနေမှု အခြေအနေများအား ခရိုင်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ခံ ဆရာမကြီးနဲ့ တွေ့ဆုံကာ ဆေးထိုးနှံခွင့်ရရှိသူ ကျောင်းသား/သူများ မကျန်ရှိစေရေးနှင့် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံနိုင်စေရန် အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။

မော်လိုက်မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ် ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံမှုအနေဖြင့် ဒီဇင်ဘာ(၁၁)ရက်နေ့တွင် အထက(မော်လိုက်)၌ (၇၀) ဦး၊ အထက(ခွဲ) ခါဝဲနှင့်အထက(ခွဲ)ယူးဝ တို့တွင်(၄၀) ဦးနှင့် အထက(ကံထူး) တွင် (၇၆) ဦးစုစုပေါင်း ကျောင်းသား/သူ (၁၈၆) ဦးတို့အား ကိုဗစ်ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရ သည်။

မော်လိုက်သားလေး