ကျိုက်လတ် ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေး အတွက် ယမန်နေ့ နံနက် ၁၀ နာရီက ကတိုက်ကျီးဝိုင်းကျေးရွာအုပ်စုတွင် ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကတိုက်ကျီးဝိုင်းကျေးရွာအုပ်စုရှိ ၁၀ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေါင်း (၄၈) ဦး၊ ၁၈ နှစ်ပြည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားပေါင်း (၇၈)ဦး၊ ၁၀နှစ်ပြည့်နှင့် ၁၈နှစ်ပြည့်လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေါင်း (၁၉) ဦးနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးမိတ္တူ ထုတ်ပေးမှု ပေါင်း(၆၄)ဦး၊ စုစုပေါင်း (၂၀၉)ဦး အားနေ့ချင်းပြီး ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်