လိပ်သိုမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား အများပြည် သူသိရှိနိုင်စေရန် အသိပညာပေးလှည့်လှည်နှိုးဆော်

လိပ်သို  ဒီဇင်ဘာ  

ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား  အများပြည်သူ သိရှိနိုင်စေရန် ယနေ့နံနက်ပိုင်းက လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ် ရပ်ကွက် များသို့ သွားရောက်၍ အသိပညာပေးလှည့်လည်နှိုးဆော်မှုများ ဆောင်ရွက် ပေးခဲ့ကြောင်း  သိရသည်။

ထိုသို့လှည့်လည် အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် ကျေးရွာနေ ပြည်သူများအနေဖြင့် ယခုအချိန်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း  နိုင်ငံအများအပြားတွင်  ကူးစက်ပျံ့နှံ့မှုများ  ပိုမိုများပြားလာနေပြီ  ဖြစ်သည့်အတွက်  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကို ဆက်လက် ကာကွယ်တားဆီး နိုင်ရေး ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မိမိနေအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှဧည့်သည် များ လက်မခံကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်စည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အရာ၀တ္တု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးရန်၊ အကယ်၍ မိမိတို့ရောဂါ ပိုးကူး စက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူ ကြပါရန် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက် ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အနေဖြင့် ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို မြို့ပေါ်/ရပ်ကွက်နေ ပြည်သူများအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး Hand Speaker  ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရ သည်။

မြို့ (ပြန်/ဆက်)