ရေး ဒီဇင်ဘာ ၁၂
မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းမှုရှိသော်လည်း လျင်မြန် ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် ကျန်မာရေးဝန်ကြီးဌာန၏ အသိပေး ကြေငြာချက်များကို အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကြီးအောင်ရပ်ကွက်၌ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ အသိပညာပေး ကြေငြာချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်း လုပ်ငန်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက လူသွားလူလာ များသည့် ဈေးရှေ့လမ်းမကြီးတစ်လျှာက်တွင် ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်၊ နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ FaceShieldကို စနစ်တကျ တပ်ဆင်သွားကြရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊ အပြင်မှပြန်လာပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀) ကြာအောင် ဆေးကြောရန်၊ လူစုလူဝေး ရှောင်ကြဉ်ကြရန်၊ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသော ဈေးသည်များထံမှ ဈေးဝယ်ခြင်း မပြုလုပ်ကြရန်နှင့် နှာဆေး၊ ချောင်းဆိုးရောဂါများ ဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေး ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသရန် စသည့် တို့ကို နှိုးဆော်ပေးခဲ့သည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ လိုက်နာခြင်းဖြင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင် ပေးကြပါရန် အသိပေး လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်