တောင်တွင်းကြီး ဒီဇင်ဘာ ၁၁
မြို့မစည်ပင်သာယာဈေးရှိ ဈေးသူဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေး အန္တရာယ်ကြုံ တွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မီးဘေးကြိုတင် ကာကွယ်ရေး ဇာတ်တိုက် သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က တောင်တွင်းကြီးမြို့နယ်စည်ပင် သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့၀င်များက သရုပ်ပြမီးငြိမ်းသတ်ခြင်း၊ ဈေး၀န်ထမ်းများနှင့်ဈေး သူဈေးသားများက လက်တွေ့သရုပ်ပြမီးငြိမ်းသတ်ခြင်း၊ မီးသတ်မော်တော်ယာဉ်ဖြင့် ရေပတ်ဖြန်းမီးငြိမ်းသတ် သရုပ်ပြခြင်းများကို မြို့နယ်မီးသတ် ဦးစီးမှူးဦးစောမောင် ကြီးကြပ်မှုဖြင့် သန္ဓေတပ်ဖွဲ့၀င်များ၊ အရန်မီး သတ်တပ် ဖွဲ့၀င်များက သရုပ်ပြဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁)ဗိုလ်မှူးသက်ခိုင်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၀င်များ၊ မီးသတ်ဦးစီးဌာန ၀န်ထမ်းများ၊ ဈေးသူဈေးသားများ တက်ရောက်ခဲ့ပြီး မြို့မဈေးကြီးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက် ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)