လိပ်သို ဒီဇင်ဘာ ၁၁
ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ အနေဖြင့် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချ တတ်ရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင် တတ်သည့် အတွေးအခေါ် များ ရှိစေရန်၊ စာကြည့်တိုက် ကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ယနေ့မွန်းလွဲ (၁)နာရီ အချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းတွင် မြို့ဦစီးမှူးနော်နီလာအေးက ကလေးသူငယ်များအနေဖြင့် စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုတတိုးပွား လာစေရန် ၊စာကြည့်တိုက်ကိုလာရောက် အသုံးပြုသည့် အလေ့ အကျင့် ကောင်းများ ရရှိစေရန်အတွက် ယခုကဲ့သို့ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့် အညီ ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ပေးပြီး ဆုရရှိသူ များအား ဆုများ ချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။
မြို့ (ပြန်/ဆက်)