ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းများသင်ကြားပို့ချပေး

ပခုက္ကူ  ဒီဇင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ မြန်မာ့လက်ရက်ထည်များအပြင် တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းပညာရပ်များ သင်ကြားပို့ချပေးခြင်းဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်ရည်ရွယ်၍ တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းကို နိုဝင်ဘာလ ၁၅ရက်မှစတင်ပြီး သင်တန်းဖွင့်လှစ်၍ သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် ၂၃ဒသမ၉ သိန်းကျော်ဖြင့် တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းသင်တန်းဖွင့်လှစ်ရာ  အခြေခံပညာအလယ်တန်းအဆင့်ရှိသည့် အမျိုးသမီး သင်တန်းသူ(၂၀)ဦးတက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းနည်းပြဆရာမ(၂)ဦးက ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၁၅ရက်မှ ဒီဇင်ဘာလ ၁၄ရက်နေ့အထိ စာတွေ့ (၃၀)ရာခိုင်နှုန်း၊ လက်တွေ့(၇၀)ရာခိုင်နှုန်းတို့ဖြင့် စနစ်တကျသင်ကြားပို့ချပေးမည်ဖြစ် ကြောင်း၊ သင်ကြားပေးသည့်ဘာသာရပ်များမှာ ဂျပ်ခုတ်ရန် ချည်လုံးနည်း၊ ဂျပ်ခုတ်ချားဆွဲနည်း၊ ဂျပ်ခုတ်နှတ်ကောက်နည်း၊ ဂျပ်ခုတ်စင်ပေါ်တွင် အပွင့်ကောက်နည်း၊ ဂျပ်ခုတ်ရက်ခတ်နည်းတို့ဖြစ်ကြောင်း၊ သင်တန်းအတွက် ကုန်ကြမ်းပစ္စည်းများအဖြစ် ယုံချည်(ရောင်စုံ)၊ သိုးမွှေးချည်၊ လက်တင်ချည်၊ ဖဲချည်(၆)ပင်ကျစ်၊ ဝါး၊ကော်ပတ်၊ဖယောင်း၊ ခါးပတ်(အဝတ်စ)၊ ကြိုးထုံး၊ သံများနှင့် လက်သုံးကိရိယာများအဖြစ် ၅-မတ်ပိုက်(ပလပ်စတစ်)၊ သစ်သားလုံး၊ဂျပ်ပြားကြီးတို့ လိုအပ်ကြောင်း၊ မိမိဒေသ ထုတ်ကုန်များအပြင် အခြားတိုင်းရင်းသားရိုးရာထည်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန်သင်ကြားပေးခြင်းဖြင့် အသိပညာ၊အတတ် ပညာများပြန့်ပွားစေပြီး မြန်မာ့လက်ရက်ထည်၊ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ် ကြောင်း၊ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်အတွင်း ဓာတုနှင့်သဘာ ဝဆေးဆိုးနည်းသင်တန်း၊ လူသုံးကုန်ထုတ်လုပ်နည်းသင်တန်း၊ လက်ရက်ကန်းဖဲနှပ်ကောက်သင်တန်း၊ အထည်ဆေးရေးနှင့်ပန်းပုံရိုက်သင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားပေးရန် လျာထားကြောင်း ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေးက ပြော သည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများအလိုက် ကိုယ်ပိုင်ရိုးရာဝတ်စား ဆင်ယင်မှု အဖြစ် ရှေယခင်ကပင်ရပ်တည်လာခဲ့သည့် ဝတ်စားဆင်ယင်မှုများရေရည် တည်တံ့ခိုင်မြဲစွာ ထိန်းသိမ်းရပ်တည် နိုင်ရေးနှင့် တိုင်းရင်းသားရိုးရာဂျပ်ခုတ်တစ်ထည်စစ်စစ်ရရှိရေးအတွက် အချိန်ကြာမြင့်စွာရက်လုပ်ရပြီး တန်ဖိုးကြီးမားသော ကြောင့် ရက်ကန်းနှင့်အသက်မွေး ပညာသင်တန်းကျောင်းသည် တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းပညာ တိမ်ကောပပျောက်မှု မရှိစေရန်၊ မိမိတတ်ကျွမ်းထားသော ရက်ကန်းပညာရပ်နှင့် တိုင်းရင်းသားရိုးရာဂျပ်ခုတ်ထည်များ တီထွင်ဖန်တီးထုတ်လုပ် လာနိုင်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်နှင့်တစ်ပိုင်တစ်နိုင်မိသားစုအပိုဝင်ငွေရရှိစေရန်၊ မြန်မာ့လက်ရက် ထည်များ၊ တိုင်းရင်းသားရိုးရာထည်များ ရေရှည်ဖွံ့ဖြိုး တိုးတက်ခိုင်မာစေရန် ရည်ရွယ်ချက်တို့ဖြင့် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)