ကျိုက်လတ်မြို့နယ်ကျုံတုံးလက်ပံကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ(၁၁၉)ဦးအားနေ့ချင်းပြီးဆောင်ရွက်ပေး

ကျိုက်လတ်    ဒီဇင်ဘာ    ၁၁

 ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ  လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင် ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်၁၀ နာရီက ကျုံတုံး လက်ပံကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူးဦးထွန်းဆွေနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျုံတုံးလက်ပံကျေးရွာအုပ်စုရှိ ၁၀ နှစ် ပြည့်နိုင်ငံသား စိစစ်ရေးကတ်ပြားပေါင်း(၃)ဦး၊ ၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေါင်း (၂၃)ဦး၊၁၀နှစ်ပြည့်နှင့်၁၈နှစ်ပြည့်လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား  ပေါင်း(၅၇)ဦး နှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးမိတ္တူ ထုတ်ပေးမှု  ပေါင်း(၃၆)ဦး၊ စုစုပေါင်း (၁၁၉)ဦး အားနေ့ချင်းပြီးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်