သရက် ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့် တတိယ အသုတ်(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ပြည်တော်အေးရပ်ကွက်ရှိ ဆင်ဖြူတော်ဓမ္မာရုံတွင် ဆောင်ရွက်ပေးလျက်ရှိရာ ခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက ယနေ့နံနက် ၁၀ နာရီက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သရက်မြို့နယ်တွင် တတိယအသုတ်အတွက် ဆေးထိုးနှံရန်ကာကွယ်ဆေး (၈၅၄၀)လုံး ရရှိထားပြီး လူဉီးရေ (၃၆၇၀၄) ဉီးကို ဆေးထိုးနှံပေးပြီးဖြစ်သည်။ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ကျန်ရှိနေသည့် ပြည်သူများအား ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဓမ္မာရုံတွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။ အဆိုပါ ဆေးထိုးမှုခံယူနေသူများအား ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ယဉ်မင်းသူ၊ မြိုနယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ဝင့်ပိုင်သူနှင့်အသင်းဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)