ဇလွန် ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားအသက်၂၅ နှစ်အောက်ရပ်ကွက်/တိုက်နယ်ပေါင်းစုံအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကို ယနေ့နံနက် ၁၁ နာရီအချိန် တွင် မြို့နယ်အားကစားခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဇလွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားအသက်၂၅ နှစ်အောက်ရပ်ကွက်/ တိုက်နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲအား ဒီဇင်ဘာလ ၉ ရက်နေ့က မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ပြိုင်ပွဲဝင် အသင်း ၁၂ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့တွင်ညောင်ပင်စျေးရပ်ကွက် အသင်းနှင့်သာဓု ချောင်း တိုက်နယ် အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားကြရာပထမဆုရရှိသော သာဓုချောင်းတိုက်နယ်အသင်း အားဆုငွေ ကျပ် (၁၅၀၀၀၀) ၊ ဒုတိယဆုရ ညောင်ပင်စျေးရပ်ကွက်အသင်းအားဆုငွေကျပ် (၁၀၀၀၀၀)၊ တတိယဆုရ လမ်းမတော်မြောက် ရပ်ကွက်အသင်းအားဆုငွေကျပ် (၅၀၀၀၀)တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)