အထက်မင်းလှ ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါမျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနှိုးဆော် ဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ၄နာရီခွဲက အမှတ်၁ရပ်ကွက်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများကအသိပေးနှိုးဆော်ခဲ့သည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန် အဖြစ်ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင်ကူးစက်ပျံ့နှံ့မှုပိုမို များပြားလာနေ ပြီဖြစ်သည့်အတွက်ကိုဗစ်-၁၉ရောဂါမျိုးကွဲသစ်အိုမီခရွန်ကိုဆက်လက်ကာကွယ်တားဆီးနိုင်ရေး အတွက် မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့မလိုအပ်ဘဲထွက်ခွါ သွားခြင်းမပြုရန်၊ မဖြစ် မနေထွက်ခွါသွားလာရပါက နှာခေါင်းစည်းMask ကိုစနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကို စနစ်တကျမကြာခဏ ဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာခပ်ခွါခွါနေထိုင်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။
ထို့အပြင် မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ-ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိသတ်မှတ်ဆေးထိုးစုရပ် များ၌ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် အသက်၁၈နှစ် အထက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကိုသတ်မှတ်ဆေး ထိုးစုရပ်များ တွင်သွားရောက်ထိုးနှံကြရန်နှင့်ကာကွယ်ဆေးကို အကြိမ်ရေပြည့်ထိုးနှံကြပါရန် အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)