ညောင်တုန်း ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် နတ်ပေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက လူငယ်၊ လူရွယ်များ အားကစားကို စိတ်ဝင်စားလာစေရန်နှင့် ကျန်းမာကြံ့ခိုင်၍ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန် အားကစားဆိုင်ရာ အသိပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီ အချိန်က ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူးက အားကစားဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် "ကိုယ်ခံစွမ်းအားမြင့် တင်ရေး အားကစားပုံမှန်လှုပ်ရှားပေး "အစီအစဉ်ကို အခြေခံကာ အားကစားကို စိတ်ပါဝင်စားမှုရှိလာ စေရန်ရည်ရွယ်၍ ကျောင်းသား/သူများနှင့် အတူ Myanmar Fitness Danceဖြင့် စုပေါင်း လေ့ကျင့်သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)