ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့တွင် ပြည်တွင်းကုန်စည်ပို့ဆောင်စီးဆင်းမှုနှင့် နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ ပုံမှန်လည်ပတ်

ကော့သောင်း ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ထိုင်း-မြန်မာ နယ်စပ် ကော့သောင်းမြို့တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြည်တွင်းကုန်စည်ပို့ဆောင်စီးဆင်းမှုနှင့်နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ ပုံမှန်လည်ပတ်လျက်ရှိပြီး မြို့နေပြည်သူများ ပုံမှန်သွားလာလှုပ်ရှားမှုရှိသည်ကို တွေ့ရသည်။

ကော့သောင်းမြို့အနေဖြင့် ယနေ့နံနက်ပိုင်းက လက်ဖက်ရည်ဆိုင်များ၊ အစားအသောက် ရောင်းချသည့်ဆိုင်များနှင့် စားသောက်ကုန်စည်ပစ္စည်းများ ရောင်းချသည့် ဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး အိမ်ရှင်မများအနေဖြင့် ပုံမှန်ဈေးသွားဈေးလာဝယ်ယူမှုများ ရှိသည်ကိုလည်း တွေ့မြင်ရသည်။ ကော့သောင်းမြို့ ပြည်သူများ အနေဖြင့် အသီးအရွက်၊သားငါး နှင့် စားသောက်ကုန်တစ်ချို့အား တစ်ဖက်ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှတစ်ဆင့် ဝယ်ယူတင်သွင်းမှု စားသုံးမှု ယခင်ကတည်းကရှိခဲ့ရာ ယခုကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေး နှစ်နိုင်ငံ ကူးသန်းသွားလာမှု ပိတ်ပင်တားမြစ်ထားသော်လည်း ထိုင်းနိုင်ငံမှ  ဒေသသုံးအခြေခံ စားသောက်ကုန် တင်သွင်းမှုနှင့် မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုများလည်း ပုံမှန်အခြေအနေရှိကြောင်း သိရသည်။

အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ငရုပ်၊ ကြက်သွန်နှင့် ပြည်တွင်း ပို့အခြားကုန်ပစ္စည်းများမှာ ကော့သောင်း-ရန်ကုန်ပြည်ထောင်စုလမ်းပိုင်းမှ မော်တော်ယာဉ်များဖြင့် ပုံမှန် ပို့ဆောင်မှုများရှိပြီး ပုံမှန်တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း သိရသည်။

ကော့သောင်း(ပြန်/ဆက်)