မြဝတီ ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွား မှုလျော့နည်းစေရေးနှင့် ပြည်သူ များသို့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်)ရောဂါ အသိပညာပေး တိုက်တွန်း နှိုးဆော် ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေး မိဘပြည်သူ များအပြင်ထွက်သွားလာတိုင်း နှာခေါင်းစည်း (Mask)ကိုတပ်ဆင်ပါ၊ လက်ကိုမကြာခဏ ဆပ်ပြာ နှင့်စ က္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောပေးပါ၊ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး မထိုး နှံရသေးသူများ ကာကွယ်ဆေးထိုးနှံထားကြပါရန်၊ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါနှင့် ပတ်သက်သည့်အချက်အလက်များနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အတိုင်း လိုက်နာနေထိုင်ကြရန်တို့ကို အသိပေးနှိုးဆော်သည်။
အဆိုပါ ဆောင်ရွက်ခြင်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရော ဂါကြိုတင်ကာကွယ်နိုင်ရေး ဆက်လက်နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)