ငဖဲ ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ ယနေ့နံနက်ပိုင်းက ဈေးရောင်းဈေးဝယ်လာသောဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ၊ သာသနာ့နွယ်ဝင်သီလ ရှင်များသည် ပုံမှန်အတိုင်းအေးချမ်းစွာ သွားလာလှုပ်ရှားလျက်ရှိနေပြီး ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူ များကလည်း မိမိတို့၏ကျောင်းများသို့ သွားရောက်၍ အေးချမ်း ပျော်ရွှင်စွာပညာသင်ကြားလျက်ရှိနေကြကာ ဌာနဆိုင်ရာ ဝန်ထမ်းများကလည်း သက်ဆိုင်ရာရုံးများသို့သွားရောက်၍ လုပ်ငန်းတာဝန်များကိုပုံမှန်အတိုင်း ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)