မြောင်းမြ ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ မြောင်းမြပညာရေး ဒီဂရီကောလိပ်၊ ပညာ သီရိခန်းမတွင် ဒီဇင်ဘာ၈ နံနက်၁၁နာရီခွဲက အခြေခံပညာ လက်ထောက်မူလတန်းပြဆရာ၊ ဆရာမများ (မွမ်းမံသင်တန်း)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းဆင်းပွဲသို့ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြသည်။
အဆိုပါသင်တန်းအားသင်တန်းသားသင်တန်းသူ(၂၀၁)ဦးတက်ရောက်ခဲ့ပြီး၊သင်တန်းဆင်းပွဲတွင်သင်တန်းသား၊သင်တန်းသူများမှ ဆရာ၊ဆရာမများခံယူအပ်သော သစ္စာအဓိဋ္ဌာန်(၆)ရပ် ရွတ်ဆို၍ သစ္စာအဓိဋ္ဌာန်ပြုပြီးနောက် ဧရာဝတီ တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ သင်တန်းဆင်းအမှာ စကားပြောကြားသည်။ ၄င်းနောက်လက်ထောက်မူလတန်းပြ မွမ်းမံသင်တန်း၌ ထူးချွန်ဆု ပထမဆုရရှိသူ လေးမျက်နှာမြို့နယ်မှ မချိုလွင်ထွန်း၊ ဒုတိယဆုရရှိသူ မြောင်းမြမြို့နယ်မှ မနှင်းလဲ့မွန်နှင့် တတိယဆုရရှိသူ ကန်ကြီးထောင့် မြို့နယ်မှ မမေတင်ဇာထက် တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကဆုချီးမြှင့်ပေး အပ်ခဲ့သည်။ ဆက်လက် ၍ ချီးမြှင့်ထောက်ပံ့ငွေပေးအပ်ရာ မြောင်းမြပညာရေး ဒီဂရီကောလိပ်မှ ဒုတိယကျောင်းအုပ် ကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်