မင်းလှမြို့တွင် (၇၃)ကြိမ်မြောက် သုံးမြို့နယ်ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲကျင်းပမည်

မင်းလှ ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံဘုရားကြီးတွင် နှစ်စဉ်ကျင်းပပြု လုပ်မြဲဖြစ်သည့် (၇၃)ကြိမ်မြောက် သုံးမြို့နယ်ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲ ကျင်းပနိုင်ရေး အစည်းအဝေးကို ယမန်နေ့ကကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ မြို့နယ်ဩဝါဒဆရာတော် ဇရစ်ချောင်း ကျောင်းတိုက် ဆရာ‌တော်က သာသနာတော်ထွန်းကားပြန့်ပွားစေဖို့ သုံးမြို့နယ် ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာ နုဂ္ဂဟစာမေးပွဲ ကျင်းပ နိုင်ရန်အတွက်သြဝါဒစကားများမိန့်ကြာတော်မူခဲ့သည်။

ထို့နောက်မြို့လယ်ဓမ္မာရုံဂေါပကဥက္ကဋ္ဌ တရားလွတ်တော်ရှေ့နေဦးဝင်းမြင့်က ယမန်နှစ်က ကိုဗစ်ရောဂါ ဖြစ်ပွား နေ့သည့်ကာလဖြစ်၍ မပြုလုပ်ရသည့်သုံးမြို့နယ် ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲကို လာမည့် ၂၀၂၂ ခုနှစ်တွင်ပြန်လည်ကျင်းပနိုင်ရန်အတွက် ဆောင်ရွက်မည့် အစီအစဉ်များကို လျောက်ထားတင်ပြခဲ့သည်။

ထို့နောက်(မင်းလှ-မိုးညို-အုတ်ဖို) (၇၃)ကြိမ်မြောက်သုံးမြို့နယ်ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲအဖြစ် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သြဝါဒါစရိယဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ဝိနယ ဓမ္မာနုဂ္ဂဟအဖွဲ့ ဥက္ကဋ္ဌ တရားလွတ်တော်ရှေ့နေဦးဝင်းမြင့်နှင့် အမှုဆောင်များက ဆရာတော် ကြီးများ၏ သြဝါဒခံယူခြင်း၊ ညှိနှိုင်းဆွေးနွေးတင်ပြလျှောက်ထားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

(၇၃)ကြိမ်မြောက်သုံးမြို့နယ်ဂိုဏ်းပေါင်းစုံ ဝိနယဓမ္မာနုဂ္ဂဟစာမေးပွဲကို ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့ထိက( မူလတန်း ၊ ခ( မူလတန်း)၊ အငယ်တန်း၊ အကြီးတန်းတို့ဖြင့် (၇) ရက်ကြာ  အာရုံဆွမ်း၊နေ့ဆွမ်း၊ အအေးများ ကပ်လှူခြင်းတို့ဖြင့် ကျင်းပပြီး မတ်လ ၁ ရက်နေ့တွင် ဆုချီးမြှင့်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ