ရေတာရှည်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေများ ပေးအပ်ပွဲကျင်းပ

ရေတာရှည် ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာအား ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အ​ထွေ​​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက မိမိတို့ကျေးရွာ ဖွံဖြိုးတိုးတက် ရေးအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေအပြင် ဒေသခံပြည်သူများ ထည့်ဝင်ငွေဖြင့် အကျိုးရှိရှိ ဆောင်ရွက်ကြဖို့လိုပါကြောင်း၊ အလားတူ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းမှီအောင် ဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရန်နိုင်ညွန့်က စီမံကိန်းများ အကောင်အထည် ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၁-၂၀၂၂ ခုနှစ် ၆ လ ဘဏ္ဍာရေးနှစ်တွင် ဖွံ့ဖြိုး​ရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်မည့် လှေကားထောင်၊ ဆီမီးကံ၊ ဆင်ဂွေ၊ ပိန္နဲပင် ကျေးရွာ ၄ ရွာအား ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၁၀၀ နှုန်းဖြင့် ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)