ဟိုင်းကြီးကျွန်း ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား Hand Speaker ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်(၂)ရပ်ကွက်ရှိ လမ်းဆုံလမ်းခွနေရာများနှင့် သင်္ဘောဆိပ်များသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် "မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် အညီ နေအိမ်ပြင်ပသို့ထွက်ခွာလျှင် ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ စနစ်တကျလက် ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်း စသည့် လက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက် ပြသကြရန်လိုအပ်ကြောင်း စသည့်" လိုက်နာရမည့် စည်းကမ်းချက်များအား Hand Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့ ကြောင်းသိရှိရသည်။
နွေးနွေး