နတ်မောက် ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၁၄၆)ဦးအား ယမန်နေ့နံနက် ၉နာရီအချိန် က ဒုတိယအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်( ၁၂) နှစ်ပြည့်ပြီး အသက် (၁၈) နှစ်မကျော်သူ ကျောင်းသား/သူ (၁၄၆)ဦးအား ဆရာ/မများက အမည်စာရင်း ရေးသွင်းခြင်း၊ မြို့နယ်ကျန်းမာရေးဌာနရှိ ဆရာမများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီးမှသာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှဝင်း