အုတ်တွင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း လမ်းကျောက် ရောမြေခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

အုတ်တွင်း ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ခွင့် ရရှိ သည့် ဇီးဖြူသောင်ကျေးရွာ အုပ်စု၊ ဇီးဖြူသောင်(အထက်) ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း လမ်းကျောက်ရောမြေခင်းလုပ်ငန်းများကို ယမန်နေ့ နေ့လယ်အချိန်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)လုပ်ငန်းများအား သတ်မှတ်ချက် စံချိန်စံညွှန်း ပြည့်မီရေး အလေးထား ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များကို​​ ကျေးရွာကော်မတီဝင်​များအား မှာကြားခဲ့ပြီး ကျေးရွာတွင်း လမ်းအား အရှည် ၃၂၅၀ပေ၊ အကျယ်၁၂ပေ၊ ဒုကိုးလက်မဖြင့် ဆောင်ရွက်သော ကျောက်ရော မြေခင်းခြင်းအတွက် ကျေးလက်နေပြည်သူများ သွားလာလွယ်ကူ ချောမွေ့စေမည်ဖြစ်ကြောင်းနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း သိရှိရသည်။

ခင်ခင်မာ(ပြန်/ဆက်)