သဲကုန်း ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက သဲကုန်းမြို့ရှိ ကုန်စုံဆိုင်များတွင် ကုန်စည်များကို သင့်တော်သော စျေးနှုန်းမြှင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ၌ ကုန်စုံဆိုင်များတွင် ကုန်စည်များကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုများ မရှိစေရေးနှင့် စားသုံးသူများ၏ ဘေးကင်းလုံခြုံမှုရရှိစေရေး ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် စားသုံး သူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်သူလူထု အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင် ရေး၊ အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ် ကင်းရှင်းသော ကုန်ပစ္စည်းများ ရောင်းချနိုင်ရေးအတွက် အသိပညာပေးခဲ့ကြောင်း သိရသည်။
ချစ်နှင်းသုန်