ကြံခင်းမြို့တွင် တိရစ္ဆာန်ကျန်းမာရေး အသိပညာပေးTalk Showကျင်းပပြုလုပ် 

ကြံခင်း ဒီဇင်ဘာ  ၁၀ 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်မွေးမြူရေးနှင့်ကုသဦးစီးဌာနတို့ပူးပေါင်းပြီး တိရစ္ဆာန်ကျန်းမာရေးအသိပညာပေးTalk Showအစီအစဉ်ကျင်းပခြင်းကို ယမန်နေ့နေ့လည်(၂)ခွဲအချိန်က ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးဒေါ်လှိုင်ပို့ပို့ဇင်မှအသိပညာပေး Talk Showအစီအစဉ် ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပါသည်။ 

ထိုနောက်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှုးဒေါက်တာဝင်းကို ကမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ တိရစ္ဆာန်များတွင်ဖြစ်တတ်သောရောဂါများ၊ ဒေသရာသီဥတုနှင့်ကိုက်ညီပြီးမွေးမြူသင့်သောတိရစ္ဆာန်များ၊  ကျေးလက်နေပြည်သူများအားတိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်ပုံအသိပညာပေးခြင်းများနှင့်ကုသပုံနည်းစနစ်များ၊ ကာကွယ်ဆေးထိုးခြင်းဖြင့်ရရှိလာမည့်အကျိုးဆက်များအားပြောကြားကြောင်းသိရသည်။

မိုးမိုး