အုတ်တွင်းမြို့နယ်​ ဘန့်​ဘွေးကုန်းကျေးရွာအုပ်စု၊​ မြောက်ထန်းကုန်းကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေများ ဆဋ္ဌမအကြိမ် ထုတ်ချေးပေး

အုတ်တွင်း ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ မြောက်ထန်း ကုန်းကျေးရွာတွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း အရင်း မပျောက် လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီ​အချိန်က အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်းက ရှင်းလင်း​ပြောကြား ခဲ့ပြီး မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၆၆)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၁၀၄)ဦး၊ စုစုပေါင်း အသင်းသား(၁၇၀)ဦးအား ငွေကျပ် ၄၀ ဒသမ ၃၇၂ သန်းကို တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီအသီးသီး ပေးအပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)